အူ
ဥ ၊ ဦး ၊ အ ၊ အို ၊ အော့ ၊ အေး ၊ အား နှင့် အ- ကိုလည်း ကြည့်ပါ။
ဗမာ ပြင်ဆင်ရန်
အသံထွက် ပြင်ဆင်ရန်
- MLCTS: /u/
ကြိယာ ပြင်ဆင်ရန်
အူ (u)
- stative verb
- အူ
- အူ(v)
- current
- ပါးနပ်မှုမရှိဖြစ်သည်။ နုံသည်။ အသည်။
- ကျွန်တော်ဒါလောက်မအူသေးပါဘူး။ ချစ်ထုံး။ ၅၅။
ကြောင်းတူသံကွဲများ ပြင်ဆင်ရန်
- အ,နုံ,(all verbs)
ဘာသာပြန် ပြင်ဆင်ရန်
အင်္ဂလိပ် ပြင်ဆင်ရန်
- 6. be stupid; be a duffer.
ကြိယာ ပြင်ဆင်ရန်
အူ (u)
- stative verb
- အူ
- အူ(v)
- archaic
- နူးညံ့သည်။
- လွမ်းစရာ့မျက်နှာထားနှင့်၊ ပြာထွားနုအူ။ ဆိုတော်မူသောခါတည်း။ ရာမ။ ၁၀၆။
ကြောင်းတူသံကွဲများ ပြင်ဆင်ရန်
- ဦ,(v)
ဘာသာပြန် ပြင်ဆင်ရန်
အင်္ဂလိပ် ပြင်ဆင်ရန်
- 5. be soft and pliable.
ကြိယာ ပြင်ဆင်ရန်
အူ (u)
- causative verb
- အူ
- အူ(v)
- current
- (ခွေး၊ မျောက်စသည်တို့)ဆွဲဆွဲငင်ငင်အော်မြည်သည်။
- လယ်ကွင်းထဲတွင် ခွေးများပတ်ချာလှည့်၍ အူနေတော့သည်။ ရှု၊ ၁၂၊ ၁၃၇။ ၃၀။
ဘာသာပြန် ပြင်ဆင်ရန်
အင်္ဂလိပ် ပြင်ဆင်ရန်
- (of dog, jackal, monkey) howl.
ကြိယာ ပြင်ဆင်ရန်
အူ (u)
- stative verb
- အူ
- အူ(v)
- current
- (နားတွင်) ဆူညံသံများဖြစ်ပေါ်နေသည်။
- လေယာဉ်ပျံစက်သံကြောင့် အူ၍နေသော နားများသည်။ မြဝတီ။ ၁၊ ၃။ ၂၂၅။
ဘာသာပြန် ပြင်ဆင်ရန်
အင်္ဂလိပ် ပြင်ဆင်ရန်
- 3. (of ear) buzz.
ကြိယာ ပြင်ဆင်ရန်
အူ (u)
- stative verb
- အူ
- အူ(v)
- current
- ပုပ်သိုးစပြုသည်။ မကောင်းသောအနံ့ အနည်းငယ်ထွက်သည်။
- ပုပ်သိုးနံအူ၊ ညစ်ကြေးမြူလည်း။ မဃ*၄၃၁။
ဘာသာပြန် ပြင်ဆင်ရန်
အင်္ဂလိပ် ပြင်ဆင်ရန်
- 2. smell high; be stale.
ကြိယာ ပြင်ဆင်ရန်
အူ (u)
- stative verb
- အူ
- အူ(v)
- current
- မီးခိုးများအဆက်မပြတ် စုပြုံထွက်သည်။
- တဲကလေး၏ခေါင်မိုးတွင်မီးခိုးတွေအူလျက်။ ရှု၊ ၈၊ ၉။ ၉၀။
ဘာသာပြန် ပြင်ဆင်ရန်
အင်္ဂလိပ် ပြင်ဆင်ရန်
- 1. (of smoke) pour fourth, issue.
နာမ် ပြင်ဆင်ရန်
အူ (u)
- common noun
- အူ
- အူ(n)
- current
- ငှက်ပျောက်ပင်စသည်၏အလယ်သား။
- အူကိုလျှောက်၍စားသဖြင့် စပါးပင်သည်နီကြန်ကြန်ဖြစ်ကာ။ ရှု၊ ၁၅၊ ၁၇၇။ ၆၈။
အရေအတွက် ပြင်ဆင်ရန်
- တုံး၊ ခု။
ဘာသာပြန် ပြင်ဆင်ရန်
အင်္ဂလိပ် ပြင်ဆင်ရန်
- 2. pith; core.
နာမ် ပြင်ဆင်ရန်
အူ (u)
- common noun
- အူ
- အူ(n)
- current
- အစာသစ်အိမ်နှင့် စအိုအကြားတွင် ဆက်သွယ်ပတ်ခွေနေသည့် ရှည်လျား၍အခေါင်းရှိသော ကိုယ်တွင်းအင်္ဂါ။
- ဤအူ၏ ဆင်းကား ဖြူမွဲမွဲနေ၏။ ပဏ်။ ၇၃။
အရေအတွက် ပြင်ဆင်ရန်
- ခွေ
ဘာသာပြန် ပြင်ဆင်ရန်
အင်္ဂလိပ် ပြင်ဆင်ရန်
- 1. intestine.
ကိုးကား ပြင်ဆင်ရန်
- မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (မြန်မာစာအဖွဲ့၊ ၂၀၀၃ ခုနှစ်) ရှိ “အူ”။ dmnl.moe.edu.mm တွင် ရှာဖွေနိုင်ပါသည်။
စကောကရင် ပြင်ဆင်ရန်
ကြိယာ ပြင်ဆင်ရန်
အူ (ʼoo)
- မှုတ်သည်
ဘာသာပြန်များ ပြင်ဆင်ရန်
- အင်္ဂလိပ်: to blow
တစ်ဦးဆိုင်နာမ် ပြင်ဆင်ရန်
အူ (ʼoo)
- ကရင် အမည် တစ်ခု