အုပ်
မြန်မာ
ပြင်ဆင်ရန်ရင်းမြစ်
ပြင်ဆင်ရန်အသံထွက်
ပြင်ဆင်ရန်- IPA(key): /ʔoʊʔ/
- ရောမအက္ခရာဖလှယ်ခြင်း: MLCTS: up • ALA-LC: ʼupʻ • BGN/PCGN: ok • Okell: ouʔ
ကြိယာ
ပြင်ဆင်ရန်အုပ် (up)
- ရင့်သောသစ်သီးကို မှည့်စေရန် တစ်ခုခုဖြင့် ဖုံးသည်။
- အရင့်ကို ဆွတ်ခူး၍အုပ်သော သရက်သီးမှည့်သည် အချိုပေါ့၏။ဥတု။၁၈၆။
- အပေါ်မှ ဖုံးလွှမ်းသည်။
- နေဝါတိမ်အုပ်၊ မပေါ်ငုပ်သို့။မဃ*၃။
- အောက်ခံအရောင်တစ်ခုပေါ်တွင် အခြားအရောင်တစ်ခုကို ထပ်၍စွဲစေသည်။
- မဲအိုးမှာ အပြာထိန်းတယ်၊ စိမ်းချင်လျှင် အဝါအုပ်ရ။ သာဖြည့်။ ၄၅။
- ဟင်းအိုးချခါနီးတွင် နံနံစသည်ကို ထည့်သည်။
- နံနံပင်အုပ်သည်၊ ရဲယိုရွက်အုပ်သည် စသည်ဖြင့်။ အာဟာရစာ။ ၂၅၀။
- ဖုံးဖိလျှို့ဝှက်ထားသည်။
- ဒီကိစ္စကို သူတို့အုပ်ထားကြတယ်။
- ကွပ်ကဲအုပ်ချုပ်သည်။ ထိန်းသိမ်းစောင့်ရှောက်သည်။
- ဆင်တပ် မြင်းတပ်များကို အုပ်စေ၍။ သုသော၊စ။ ၃၇၆။
- စောင့်စည်းထိန်းချုပ်သည်။
- စကားပိတ်ချုပ်၊ ချွန်းနှယ်အုပ်၍။ ကိုး*၉၅။
- အပြီးသတ်သည်။ နိဂုံးချုပ်သည်။
- စကားရင်းကိုရုံ၍ အုပ်ပြန်လိုသောကြောင့်။ ဟိ။ ၈၁။
- (ကဗျာသုံး) မူလခံထားသော အသံ၊ ကာရန်နှင့်တူညီလိုက်ဖက်အောင် အသံ၊ ကာရန်တစ်ခုကို ရေးစပ်ထည့်သွင်းသည်။
- ကဗျာရေးဖွဲ့ရာတွင် အခံကာရန်နှင့် အအုပ်ကာရန် ညီအောင် ရေးဖွဲ့ကြသည်။
- (ဗန်းစကား) အငမ်းမရစားသည်။
- ဗိုက်ဆာဆာနဲ့ နှစ်ပန်းကန် အုပ်ပစ်လိုက်သည်။
- (ဗန်းစကား) တစ်ဖက်သားကို ထိခိုက်နစ်နာအောင် ပြုမူပြောဆိုသည်။ ဆော်သည်။
- သတင်းစာဂျာနယ်များ တစ်စောင်နှင့်တစ်စောင် အုပ်ကြပုံမှာ။ စာဝင်။ ၁၄၈။
ဝါစင်္ဂ
ပြင်ဆင်ရန်- numerical classifier
- အုပ်
- အုပ်(part)
- current
- နွားအုပ်၊ တောအုပ်၊ ပိတ်အုပ်၊ စာအုပ်စသည်ကို ရေတွက်ရာတွင် သုံးသောစကားလုံး။
- ၎င်းဂါထာကို ဂုအုပ်ထိုင်လျက် ရွတ်ဖတ်။ မောင်တာနော။ ၉၃။
နာမ်
ပြင်ဆင်ရန်အုပ် (up)
- သတ်မှတ်ထားသော အတိုင်းအတာအရေအတွက်ရှိ၍ ခေါက်ထပ်စု ပေါင်းထားသော အထည်၊ စက္ကူစသည်။
- ထည်မျိုးအုပ်မျိုးဟူသော လက်ဆောင်တော်များနှင့်တကွ။ သာရောင်၊ ၁-၄-၂၂။
- တစုတရုံးတည်းရှိသော သက်ရှိသက်မဲ့။
- နွားအုပ်။ ကဝိမှန်။၂၉၇။
- နှီးစသည်ဖြင့်လုပ်သော အဖုံးပါသည့် ထည့်စရာတစ်မျိုး။
- ခွက်အုပ်ကွမ်းချပ်၊ လွှမ်းထပ်ရွှေဖျင်။ ခင်ထွေး*၂၆။
ကိုးကား
ပြင်ဆင်ရန်- မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (မြန်မာစာအဖွဲ့၊ ၂၀၀၃ ခုနှစ်) ရှိ “အုပ်”။ dmnl.moe.edu.mm တွင် ရှာဖွေနိုင်ပါသည်။
မွန်
ပြင်ဆင်ရန်အသံထွက်
ပြင်ဆင်ရန်ရင်းမြစ် ၁
ပြင်ဆင်ရန်နာမ်
ပြင်ဆင်ရန်အုပ် (ʼup)
- block billet of wood jungle bush thicket.
ရင်းမြစ် ၂
ပြင်ဆင်ရန်ကြိယာ
ပြင်ဆင်ရန်အုပ် (ʼup)
- ဖုံးအုပ်သည်။
- အပေါ်မှ ဖုံးသည်။
ကိုးကား
ပြင်ဆင်ရန်- Shorto, H.L. (1962) A Dictionary of Modern Spoken Mon[၁], London: Oxford University Press. Searchable online at SEAlang.net.